Skip to content

သင်တို့သည်ရန်ငြိမ်း၍ ဘုရားသခင်နှင့် မိဿဟာရဖွဲ့ကြလော့ဟု ဘုရားသခင်သည် ငါတို့အားဖြင့် နှိုးဆော် သွေးဆောင်တော်မူသကဲ့သို့၊ ငါတို့သည် ခရစ်တော်၏ကိုယ်စားဖြစ်၍ သင်တို့ကို တောင်းပန်သွေးဆောင်ကြ၏။ အဘယ်ကြောင့်နည်းဟူမူကား၊ ဘုရားသခင်သည် အပြစ်နှင့်ကင်းစင်သောသူကို ငါတို့အတွက်ကြောင့်အပြစ် ရှိသောသူဖြစ်စေတော်မူ၏။ အကြောင်းမူကား၊ ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော်၌ဖြောင့်မတ် သောသူဖြစ်မည်အကြောင်းတည်း။”

(ကောရိန်သုသြဝါဒစာ ဒုတိယစောင် ၅ : ၂၀၂၁)

ကျွနု်ပ်တို့သည် ကျိုးသင့်ကြောင်းသင့် ဆင်ခြင်တွေးခေါ်ခြင်း အထူးပင်လိုအပ်လျက်ရှိသော ကာလတွင် နေထိုင်လျက် ရှိပြီး ထိုမျှမက တစ်ချိန်တည်းမှာပင် ကြားရုံမျှမက မျက်မြင်ကိုယ်တွေ့ ဖြစ်ဖို့လိုသော ခရစ်ယာန် ယုံကြည်ချက် အပေါ် ကျိုးကြောင်းသင့်လျော်စွာခုခံချေပမှု (Christian Apologetics) တစ်ခု လိုအပ်ပါသည်။ အဆိုပါ ခရစ်ယာန်တို့၏ ယုံကြည်ချက်အတွက် ကျိုးကြောင်းသင့်လျော်စွာခုခံချေပ ပြောဆိုခြင်းများသည် ခရစ်ယာန် ယုံကြည်ခြင်း အပေါ်ထားရှိသည့်ခက်ခဲသောမေးခွန်းများနှင့် ကြုံတွေ့ရမည်ဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင် ဖြေဆိုရန်ခက်ခဲသောမေးခွန်းများကို မိမိကိုယ်ကို ပြန်လည်မေးခွန်းထုတ်ပြီးနောက် ၎င်းဖြစ်ပေါ်လာသောမေးခွန်းများအား သေချာစွာဂရုစိုက်နားထောင်တတ်လာခဲ့ပါသည်။ ကျွန်ုပ်စိတ်ထဲတွင်အမြဲတမ်း ရှိသည့်အရာ တစ်ခုကတော့ မေးခွန်းတိုင်းရဲ့နောက်ကွယ်မှာ မေးခွန်းမေးသူတစ်ယောက်ရှိနေသည်ဆိုတာပါပဲ။ အသိဉာဏ်ပညာ၊ ဘဝနှင့်ယှဉ်သည့် ရုန်းကန်ရခြင်းများ ပေါင်းစည်းသွားပြီးနောက် တစ်စုံတစ်ယောက်၏ မေးခွန်းများသည် လွန်စွာပင်မှန်ကန်ရိုးသားလာပါသည်။

သခင်ယေရှုခရစ်တော်ရဲ့ “ဧဝံဂေလိတရား” သည် မှန်ကန်သောတရား ဖြစ်သော်လည်း “အဲဒီနည်းလမ်းတစ်ခုပဲ ရှိတယ်ဆိုတာ ဖြစ်နိုင်ပါ့မလား” ဟူ၍ ကျွန်တော်တို့ မကြာခဏ မေးတတ်ကြပါသည်။ ထူးဆန်းသည်မှာ သဘာဝတရား၏ နိယာမကိုသော်လည်းကောင်း၊ အခြားကျွန်တော်တို့ ခိုင်ခိုင်မာမာယုံကြည်ထားတဲ့ အရာတွေ အပေါ်ကိုသော်လည်းကောင်း ထိုကဲ့သို့ တူညီသောမေးခွန်းမျိုး မမေးကြခြင်း ဖြစ်ပါသည်။ “အမှန်တရား” သည် တစ်မျိုးတည်း (ဝါ) သီးသန့်ဖြစ်တည်ခြင်းဖြစ်သည်” ဟုဆိုခြင်းသည် ကျွန်ုပ်တို့အား လွန်စွာမှ ကသိကအောက် ဖြစ်စေတတ်ပါသည်။ အဆိုပါအချက်သည်ပင် “အမှန်တရား” ၏ အရေးအကြီးဆုံးသော အချက်အချာကျသည့် အပိုင်းကဏ္ဍပင်ဖြစ်ပါသည်။ သို့ဖြစ်၍ “ဘယ်အရာသည် အမှန်တရား ဖြစ်ပါသနည်း” ဆိုသည့်မေးခွန်းထက် ထိုအရာသည် တကယ်ပင် အမှန်တရားဖြစ်မဖြစ်ကျွန်တော်တို့ မည်သို့ သိရှိနိုင်မည်နည်း” ဆိုသည့်မေးခွန်း သည်သာလျှင် ပို၍ အရေးကြီးပေသည်။ ဘာသာရှိဖြစ်စေ၊ ဘာသာမဲ့ဖြစ်စေ၊ လူတိုင်းတွင် “ဘဝအမြင်” (worldview; a particular philosophy of life or conception of the world) မိမိတစ်ဦးတည်းနှင့် ဆိုင်သော ဘဝအပေါ်ထားရှိသည့်အတွေးအခေါ်အယူ အဆ) ရှိပါသည်။

ဘဝအမြင် တစ်ခုသည် အခြေခံအားဖြင့်

၁။ မူလအစ

၂။ အဓိပ္ပာယ်

၃။ ကိုယ်ကျင့်တရား

၄။ ကြမ္မာ (ပန်းတိုင်) စသည်တို့နှင့် စပ်ဆိုင်သောမေးခွန်းများအတွက် အဖြေများကိုပေးတတ်ပါသည်။

အပြန်အလှန်အားဖြင့် ၎င်းအဖြေများသည်သက်ဆိုင်ရာ ကဏ္ဍတစ်ခုချင်းစီ၏ မေးခွန်းများအတွက် မှန်ကန်ရမည် ဖြစ်သလို ကဏ္ဍ()ခုစလုံးအတွက် စုစည်းထားသောအဖြေများသည်လည်း အချင်းချင်း အဆီအငေါ် တည့်ရမည်ဖြစ်ပါသည်။

နောက်ထပ်တစ်ဆင့် အနေဖြင့် မည်သည့် ဘဝအမြင်ပေါ်ကိုမဆို “အမှန်တရား” အား အချက်သုံးချက်အားဖြင့် စမ်းသပ်စစ်ဆေးရမည်ဖြစ်ပါသည်။ ၎င်းအချက်သုံးချက်မှာ

၁။ ကျိုးကြောင်းဆီလျော်သောညီညွတ် ကိုက်ညီမှု

၂။ မျက်မြင်သဘောအရ ပြည့်စုံကုံလုံမှု

၃။ အတွေ့အကြုံအားဖြင့် ဆက်နွယ်မှု တို့ဖြစ်ပါသည်။

အဆိုပါအချက် များဖြင့် ချိန်ထိုးကြည့်သည့်အခါ ခရစ်ယာန်တို့၏ “ဧဝံဂေလိ” သတင်းစကားသည်သာ ပြီးပြည့်စုံစွာကိုက်ညီပြီး “အမှန်တရား” ကြန်အင်လက္ခဏာများနှင့် ပြည့်ဝပေသည်။

သခင်ယေရှုခရစ်တော်ရဲ့ ပုဂ္ဂိုလ်တော်ဖြစ်ခြင်း (personhood) ၊ သွန်သင်ချက် (teaching) ၊ အမှုတော်မြတ် (work) စသည်တို့ကို မျက်မြင်သဘောအရ စဉ်းစားဆင်ခြင်ကြည့်ပါ။ လူ့သမိုင်းကြောင်းသည် သခင်ယေရှု၏ မိမိကိုယ်မိမိ မည်သူမည်ဝါဖြစ်ခြင်း နှင့် ယနေ့ သခင်ယေရှုနောက်တော်သို့ လူပေါင်း သန်းပေါင်းများစွာလိုက်ခြင်းအားပြလျက် ရှိပါသည်။ သခင်ယေရှု၏ သွန်သင်ချက်များနှင့် အခြားသော ဘုရားနှင့်ဆိုင်သည့်အကြားအမြင် အရာများအား နှိုင်းယှဉ်ကြည့်မည်ဆိုပါက ၎င်းတို့၏ သရုပ်ပြခြင်းများ၊ ခိုင်မာစွာပြောဆိုမှုများနှင့် လွန်စွာမှကွဲပြားသောခြားနားချက်များကို တွေ့နိုင်မည်ဖြစ်ပါသည်။ ထိုမျှမက “သခင်ယေရှုခရစ်တော်မှ လွဲ၍ အခြားမည်သူကမျှ ဘုရားဖြစ်သောကယ်တင်သောအရှင်အဖြစ်ကြွေးကြော်ခြင်း မရှိခဲ့ပါ။ “ငါတို့သည်ထိုသူအားဖြင့် ဘုရားသခင့်ရှေ့တော် ၌ဖြောင့်မတ်သောသူဖြစ်မည်အကြောင်းတည်း” ဆိုသည့်အရာသည် ကျွန်တော်တို့လူသားအားလုံး၏ မနာခံခြင်းအတွက် သခင်ယေရှုမှ ပြီးပြည့်စုံသော ယဇ်ကောင်ဖြစ်ခြင်းဖြင့် ကိုယ်တော်၏ ခွင့်လွှတ်ခြင်းနှင့်ကျေးဇူးတရားကို သနားတော်မူခဲ့ခြင်းက လေးနက်ထူးခြားစွာပင် သီးသန့်ဖြစ်တည်လျက်ရှိပါသည်။

ကျွန်ုပ်အနေဖြင့် အရှိတရားနှင့် ဖြစ်တတ်သည့်သဘောတရားတို့၏ အစဉ်အတိုင်းဖြစ်တည်မှုကို အောက်ပါအတိုင်း နေရာချရမည်ဆိုလျှင်ဖြင့်၊ “ချစ်ခြင်းမေတ္တာ” သည် လွန်စွာမှအားကြီးသော “လူ့ကျင့်ဝတ်”ဖြစ်သည်။ “ချစ်ခြင်းမေတ္တာ” ၏ ဖြစ်တည်မှုတိုင်းတွင် “လွတ်လပ်စွာရွေးချယ်ခွင့်အစစ်”သည် အမှန်တကယ်ပင် ရှိရမည် ဖြစ်သည်။ “လွတ်လပ်စွာရွေးချယ်ခွင့်အစစ်” ရှိသော“ဖြစ်နိုင်စွမ်း” ရှိပါက “အပြစ်” (တနည်းအားဖြင့် သတ်မှတ်ချက်မှ လွဲချော်ခြင်း) ဖြစ်လာနိုင်ခြေမှာ မလွဲဧကန်ပင် ရှိပါလိမ့်မည်။ “အပြစ်” ဖြစ်တည်လာသည့်အခါ ကယ်တင်သော ပုဂ္ဂိုလ်အားလိုအပ်ခြင်းသည်လည်း ရှိလာပေမည်။ “ကယ်တင်သောသူ” ရှိသည်ဆိုပါက“ပြန်လည်ရွေးနှုတ်ခြင်း” ကို မျှော်လင့်ရန်ရှိပေသည်။ ဂျူးခရစ်ယာန် (JudeoChristian) တို့၏ဘဝအမြင်၌သာ အဆိုပါ အစဉ်အတိုင်းဖြစ် တည်မှုအတွက် အလုံးစုံသော ဖော်ပြချက်နှင့် အဖြေကို ရှာတွေ့နိုင်ပါသည်။ “အပြစ်တရား” မှ သည် “ရွေးနှုတ်ခြင်း” အထိအကြောင်းအရာအားလုံးသည် လူသားများအား ချစ်တော်မူသော ထာဝရဘုရား၏ အဆုံးစွန်ပေးသနားတော်မူသော ဧဝံဂေလိတရား၌သာ ဖြစ်တည်လျက်ရှိပါသည်။ သခင်ယေရှုခရစ်တော် သင်ကြားခဲ့သည်များ၊ ဖော်ပြခဲ့သည်များ နှင့် ကိုယ်တော်ကိုယုံကြည်နိုင်ရန်အတွက် ပြုတော်မူခဲ့သောအရာများသည် လွန်စွာမှပင် ကျိုးကြောင်းဆက်စပ်စွာ ယုတ္တိရှိပြီး စစ်မှန်မှုအား မျက်မြင်သဘောတိုင်း ပြည့်စုံစေပါသည်။ စကြဝဠာဗေဒမှသည် လူ့သမိုင်းကြောင်းသို့ ၊ လူ့သမိုင်းမှသည် လူသား၏ အတွေ့အကြုံ အထိ ခရစ်ယာန် ယုံကြည်ချက်သည် အခြားသော ဘဝအမြင်များထက် သာ၍ရှင်းလင်းသော စွမ်းပကားဖြင့် ဖော်ပြလျက်ရှိပါသည်။

ကျွန်တော်သည် အိန္ဒိယလူမျိုး မိဘများမှ မွေးဖွားခဲ့သူဖြစ်ပြီး အိန္ဒိယတွင် ကြီးပြင်းခဲ့ပါသည်။ ကျွန်ုပ်၏ ဘိုးဘွား များသည်အိန္ဒိယနိုင်ငံ တောင်ဘက်အတွင်းပိုင်းရှိ ဟိန္ဒူဘာသာတို့၏ သီးသန့်လူတန်းစားဖြစ်သော ဘာသာရေး အကြီးအကဲများ ဖြစ်ပါသည်။ သို့သော် ၎င်းမှာမျိုးဆက် အတော်များများမတိုင်ခဲ့ကဖြစ်ပါသည်။ ကျွန်ုပ်သည် ရှည်လျားလှသော ရှုံးနိမ့်မှုများ၊ ရင်ဆိုင်နိုင်စွမ်းမရှိသော နောက်ဆက်တွဲများ အားလုံး၏ နောက်တွင် ခရစ်တော် အား ရရှိခဲ့ပါသည်။ ထိုအရာများအားလုံးကိုလည်း အဆုံးသတ်ဖို့ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်ဘဝ၏ အသက်လမ်းဆုံး ဖြစ်သွားနိုင်သည့် ကျွန်ုပ်အိပ်ယာပေါ်တွင် ကျွန်ုပ်သည်အသက်ပေးပိုင်ရှင်၏ “သမ္မာကျမ်းစာတော်မြတ်” အား လက်ခံရရှိခဲ့ပါသည်။ ပြင်းပြင်းပြပြ ငိုကြွေးခြင်းနှင့်အတူ ယေရှုခရစ်တော်ဘုရားကို အကျွန်ုပ်၏ ဘဝထဲသို့ ဖိတ်ခေါ်ခဲ့ပါသည်။ ၎င်းမှာ ဆုတောင်းခြင်းတစ်ခု၊ တောင်းပန်တိုးလျှိုးခြင်းတစ်ခု ဖြစ်သလို ဝန်ခံအပ်နှံခြင်းတစ်ခု၊ မျှော်လင့်ခြင်းတစ်ခု လည်းဖြစ်ခဲ့ပါသည်။

ကျွနု်ပ်သည် ခရစ်တော်၏ လက်တော်ထဲတွင်လုံခြုံလျက်ရှိသည် ဆိုသည့်အရာမှလွဲ၍ ရှေ့ဆက်ဖြစ်မည့်အရာများအား သေချာစွာမသိရှိခဲ့ပါ။ အနှစ် ငါးဆယ်ကျော်ပြီးနောက် ယခုတွင် အဖဘုရားသခင်၏ ကျေးဇူးတော်ကို အံ့အားသင့်မိပြီး သခင်ယေရှုခရစ်တော်တစ်ပါးတည်းသာလျှင် အကျွန်ုပ်တို့ နှလုံးသား နှင့် စိတ် တို့၏ အနက်နဲ ဆုံးသော မေးခွန်းများ၏ “အဖြေ” ဖြစ်ကြောင်းကို သေချာစွာသိလျက် ရှိပါသည်။

 

သခင်ယေရှုခရစ်၏ နာမတော်မြတ်၌
John Wick

 

 

ကိုးကားထားသော စာပေအရင်းအမြစ်

ဆရာကြီး Ravi Zacharias The Logic of God စာအုပ်ရှိ အခန်း() Behind every question မှ စာမျက်နှာ ၂၊ ၃၊ ၄ အား မြန်မာမှုပြုပါသည်။