Skip to content

မခြားမလပ် ဆုတောင်းပဌနာပြုကြလော့

ဆုတောင်းခြင်းနဲ့ ပက်သက်လို့ အထူးပြောနေစရာ လိုတော့မယ် မထင်ဘူး။
ဒါပေမယ့် ဆုတောင်းရမယ်ဆိုတာကိုတော့ အထူးတလည် ပြောချင်ပါတယ်။ ယုံကြည်သူတစ်ယောက် ဆုတောင်းတယ်ဆိုတာက လိုချင်တဲ့ တောင်းဆုတစ်ခုခုကို ဆန္ဒပြုလိုက်တာ မဟုတ်ပါဘူး။ ဆုတောင်းတယ်ဆိုတာ အသက်ရှင်တော်မူ၍ သူ၏သားသမီးများ ဆုတောင်းသံကို နားညောင်းပေးတော်မူသော ဘုရားသခင်နှင့် မိတ်ဿဟာရဖွဲ့ခြင်း ဖြစ်ပေသည်။ တောင်းလျှောက်ရုံသက်သက်မဟုတ်၊ စကားပြောဆိုခြင်း ဖြစ်သည်။ စကားပြောဆိုရာတွင် ကျေးဇူးတော်ချီးမွမ်းခြင်း၊ အပြစ်ဝန်ချတောင်းပန်ခြင်း နှင့် တောင်းလျှောက်လိုချင်သော အရာများကို တောင်းဆိုခြင်း၊ ယုံကြည်သူညီကိုချင်းအတွက် ကိုယ်စားတောင်းလျှောက်ခြင်းများ ပါဝင်ပါသည်။
ကျမ်းစာဖတ်ရွတ်ခြင်းကို အစားအစာ စားသောက်ခြင်းကဲ့သို့ ပမာနှိုင်းရမည် ဆိုလျှင် …
ဆုတောင်းခြင်းကို အသက်ရှုခြင်းကဲ့သို့ ပမာနှိုင်းရပေမည်။
အမြဲဆုတောင်းနေသော သူများကို ဝိညာဉ်လူဟု ခေါ်ဆို၍ မရပါသော်လည်း ဝိညာဉ်လူများသည် အမြဲဆုတောင်းကြပေသည်။
ဆုတောင်းပါ – တစ်နည်းအားဖြင့် ဘုရားသခင်နှင့် အမြဲအချိန်ယူပါ ..
ဘုရားရှင်ကောင်းကြီးပေးပါစေ..
“Pray without ceasing.” (1 Thessalonians 5:17)
 
There would be not very much to talk about praying. However, we would humbly encourage you to pray without ceasing. The prayers of a believer are not just wishing something. Praying is taking time with and fellowship with God who is hearing and answering our prayers. Praying is not just asking for something that we want but it is talking with our Heavenly Father. There are usually thanksgiving, confession of our sins, telling our difficulties, sorrow and pain, asking something on behalf of our brethren in praying. If we assume reading the Bible as our daily bread, praying seems to be like breathing. A Spiritual man prays.
Please pray. Please take time with God.
May God bless you, dear friend.
 
သခင်ယေရှုနာမတော်မြတ်၌
An Abiding Branch