Skip to content

အသည်းရောင်အသားဝါ “ဘီ” ပိုးရောဂါ အကြောင်းသိကောင်းစရာများ

          အသည်းရောင်အသားဝါ ဘီပိုးရောဂါသည် (Hepatitis B)သည် Hepatitis B Virus(HBV) ဟုခေါ်သည့် ရောဂါပိုးကြောင့် အသည်းကို ထိခိုက်ေစပြီး ဆေးကုသမှုမခံယူဘဲ ပေါ့ဆပါက အသက်အန္တရာယ်ခြိမ်းခြောက်နိုင်သည်အထိ အန္တရာယ်ကြီးသည့် ရောဂါဖြစ်ပါသည်။ ၎င်းသည် ကမ္ဘာလုံးဆိုင်ရာ အဓိကကျန်းမာရေးပြဿနာများထဲမှ တစ်ခုအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း(WHO)က သတ်မှတ်ထားပါသည်။ သို့သော်လည်း “ဘီ” ပိုးကူးစက်ခြင်းမခံရသေးသူများအတွက် ၉၈-၁၀၀ % အထိ ကာကွယ်မှုပေးနိုင်သော ထိရောက်ပြီး စိတ်ချရသည့် ကာကွယ်ဆေးများလည်း ရရှိနေပြီဖြစ်ပါသည်။ အသည်းရောင်အသားဝါ ဘီပိုး(HBV)သည် DNA Virus ပိုးတစ်မျိုးဖြစ်ပြီး ပိုးကွဲအမျိုးအစား A, B, C, D, E, F, G, H, I နှင့် J ဟူ၍ (၁၀) မျိုး ရှိပါသည်။ ကမ္ဘာ့လူဦးေရ၏ သုံးပုံတစ်ပုံအား ကူးစက်လျှက်ရှိပြီး၊ ကမ္ဘာေပါ်တွင် ဘီပိုးရှိသူပေါင်း သန်း (၄၀၀) ခန့်သည် ပိုးသယ်ဆောင်သူ (သို့မဟုတ်) နာတာရှည် အသည်းရောင် ဘီပိုးရှိသူ (၆.၅)% ခန့် ရှိပါသည်။

ရောဂါလက္ခဏာနှင့် နောက်ဆက်တွဲ အန္တရာယ်

          ဘီပိုးကူးစက်ခံရသူ အများစုတွင် နှစ်ပေါင်းများစွာ ရောဂါလက္ခဏာ မပြပါ။ နှစ်ကာလကြာသောအခါ နာတာရှည်အသည်းရောဂါ (Chronic Hepatitis)၊ အသည်းခြောက် (Cirrhosis)၊ အသည်းကင်ဆာ (Hepatocellular Carcinoma) ဖြစ်နိုင်ပါသည်။

ကူးစက်နိုင်သော နည်းလမ်းများ

အသည်းရောင်အသားဝါ ဘီရောဂါသည် HIV နှင့် HCV(စီ)ပိုး ရောဂါထက် အဆများစွာ ပိုမိုကူးစက်နိုင်ပါသည်။


၁။ သေွးမှတစ်ဆင့်ကူးစက်ခြင်း

  • ပေါက်ပြဲသော အရေပြား၊ အမြှေးပါးနှင့် ရောဂါပိုးပါသော သွေး/သွေးရည်ကြည် ထိမိခြင်း။
  • ဘီပိုးပါသော သွေးသွင်းမိခြင်း။
  • ဘီပိုးပါသော သွေးပေသည့် အပ်များဖြင့် ဆေးထိုးခြင်း၊ သွေးဖောက်ခြင်း၊ နားဖောက်ခြင်း၊ အပ်စိုက်ခြင်း၊ ဆေးမှင်ကြောင်ထိုးခြင်း။
  • ဘီပိုးရှိသော သွေးပေသည့် ဓားတစ်ချောင်းတည်းဖြင့် ဆက်တိုက်ခေါင်းရိတ်ခြင်း၊ မုတ်ဆိတ်ရိတ်ခြင်း။
  • ဘီပိုးရှိသောသူနှင့် သွားတိုက်တံ၊ သွားကြားထိုးတံ အတူတူသုံးခြင်း။

၂။ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း။


၃။ ဘီပိုးရှိသော မိခင်မှ မေွးကင်းစကလေးကို ကူးစက်တတ်ပါသည်။

အသည်းရောင် “ဘီ” ပိုး အား ကာကွယ်တားဆီးခြင်း

“ဘီ” ပိုး ကူးစက်ခံရခြင်း မရှိသေးသော လူတိုင်းသည် ကာကွယ်ဆေး ထိုးခြင်းဖြင့် အသည်းရောင် “ဘီ” ပိုးအား ကာကွယ်ရမည်။

“ဘီ” ပိုး ရှိသူတိုင်း

          • ဆေးကုသရမည့် အချိန်/အခြေအနေတွင် ဆေးကုသမှု ခံယူနိုင်ရန် စီစဥ်ရမည်။
          • အသည်းခြောက်၊ အသည်းကင်ဆာ ရှိ/မရှိ (၆)လတစ်ကြိမ် သွေးစစ်၊ ဆေးစစ်ရမည်။
          • အသည်းခြောက်နေပါက (၃)လတစ်ကြိမ် သွေးစစ်၊ ဆေးစစ်ရပါမည်။

“ဘီ” ပိုး ရောဂါရှိသော လူနာများ လိုက်နာရန်

          • ဆေးလိပ်၊ အရက်၊ ကွမ်း (လုံးဝ) ရှောင်ရမည်။
          • ပရဆေးနှင့် စပ်ဆေးများ (လုံးဝ) မသောက်ပါနှင့်။
          • တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ၊ ဆိုးဆေးပါသော အစားအစာများ မစားပါနှင့်။
          • သံဓာတ်ကြွယ်ဝသော အစားအစာများ (အသဲအမြစ်၊ ကလီစာ၊ ဟင်းနုနွယ်ရွက်များ)နှင့် သံဓာတ်ပါဝင်သော ဆေးဝါးများ မစားပါနှင့်။
          • အဆီနှစ်၊ မလိုင်၊ ထောပတ်၊ ကြက်ဥအနှစ်၊ ဘဲဥအနှစ်၊ ဆီကြော်မုန့်များ လေျှာ့စားပါ။
          • အငံ လေျှာ့စားပါ။ (ငါးပိ၊ ငါးခြောက်၊ ငံပြာရည်၊ ပုစွန်ခြောက်)
          • အကိုက်အခဲ ပျောက်ဆေးများ၊ သံဓာတ်ပါဝင်သော အားဆေးများ မသောက်ပါနှင့်။
          • အချဥ်ဓာတ်လွန်ကဲသော အသီးများစားခြင်းနှင့် ဗီတာမင်စီများစွာ သောက်ခြင်းတို့ကို ရေှာင်ပါ။
          • Gas ပါသော အချိုရည်များ သောက်သုံးခြင်းအား ရေှာင်ပါ။
          • မုန့်ဖုတ်ဆိုဒါ ပါသော အစားအစာများ လေျှာ့စားပါ။ (ပေါင်မုန့်၊ ကိတ်မုန့်၊ ဘီစကစ်)

ဤဆောင်ပါးသည် ၂၀၁၉ ခုနှစ်၊ မေလထုတ် Mylan မှ ပံ့ပိုးကူညီပေးသော အသိပညာပေး လက်ကမ်းစာစောင်နှင့် World Health Organization(WHO) ၏ Hepatitis B ဆိုသည့် ဆောင်းပါးမှ အနည်းငယ် ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။

ချစ်သော မိတ်ဆွေ…

သင်သည် “ဘီ” ပိုး ကူးစက်ခံရသူဖြစ်ပါသလား။ မကြောက်ပါနှင့်၊ မရှက်ပါနှင့်။ သို့သော်လည်း မပေါ့ဆပါနှင့်။ ဆရာဝန်ကြီးများ၏ ဆေးကုသမှုကို မခံယူဘဲ ပေါ့ဆပါက အထက်က ေဖာ်ပြခဲ့ပြီး​သည့်အတိုင်း နှစ်ကာလကြာလာသောအခါ နာတာရှည်အသည်းရောဂါ၊ အသည်းခြောက်ခြင်းနှင့် အသည်းကင်ဆာြဖစ်နိုင်သည်အထိ အသက်အန္တရာယ်စိုးရိမ်စရာရှိပါသည်။ သင်၌ အသည်းရောင် ဘီပိုး ရှိ/မရှိနှင့် ဆေးကုသမှု လို/မလို စမ်းသပ် စစ်ဆေးခြင်းများ ပြုလုပ်ပါရန် မေတ္တာဖြင့် တိုက်တွန်းအပ်ပါသည်။

• သင်သည် “ဘီ” ပိုး ကူးစက်ခံရခြင်း မရှိသေးသောသူဖြစ်ပါက ကာကွယ်ဆေး ထိုးခြင်းဖြင့် အသည်းရောင် “ဘီ” ပိုးအား ကာကွယ်ပါ။

• သင်သည် “ဘီ” ပိုး ကူးစက်ခံရသူဖြစ်ပါက ဆေးကုသမှုကို ခံယူပါ။
အသည်းရောဂါနှင့် ပတ်သတ်၍ ဆေးကုသမှုခံယူလိုသော်လည်း ဆရာဝန် စမ်းသပ်ကုသခ များ၍ ဆေးကုသစရိတ်မတတ်နိုင်မည်ကို စိုးရိမ်ပူပန်နေပါက သင့်အား မေတ္တာဖြင့် ကုသပေးမည့် ကုသိုလ်ဖြစ် ဆေးခန်းရှိကြောင်း သတင်းကောင်းပါးလိုပါသည်။

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း(၁)
အမှတ် ၃၃/၃၅၊ ပုသိမ်လမ်း၊ ကျွန်းတော(အလယ်)ရပ်ကွက်၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း – (၀၉) ၉၆၄၄၈၂၈၂၀၊ (၀၉) ၉၆၄၅၈၂၈၂၀
ဆေးခန်းဖွင့်ချိန် – နံနက် ၈း၃၀ မှ ညနေ ၄း၃၀ နာရီအထိ (ကြာသပတေး နေ့တိုင်း ပိတ်ပါသည်)

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း(၂)
အမှတ်-ဘီ(၈)၊ သီရိရိပ်သာလမ်းသွယ်(၁)၊ ၃၅ လမ်း၊ ၇၀/၇၁ လမ်းကြား၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။
ဖုန်း – (၀၉) ၉၅၄၄၈၂၈၂၀၊ ၉၅၄၅၈၂၈၂၀

သံစစ်ကုသိုလ်ဖြစ် ဆေးခန်း

          • အသည်းရောဂါများကိုသာ ကုသပေးသော ကုသိုလ်ဖြစ်ဆေးခန်းဖြစ်ပါသည်။

          • အခြားရောဂါများကို သက်ဆိုင်ရာ ပြည်သူ့ဆေးရုံများသို့ မိမိ အစီအစဥ်ဖြင့် သွားရောက်ပြသရမည် ဖြစ်ပါသည်။

          • အချိန်ပိုင်း ဖွင့်လှစ်သော ဆေးခန်းဖြစ်သဖြင့် အရေးပေါ်လူနာများအား ဆေးခန်းတွင် လက်ခံကုသရန် မဖြစ်နိုင်ပါ။

          • ဆေးရုံကဲ့သို့ ပြီးပြည့်စုံသော ဆေးဝါးကိရိယာများ မရှိသောကြောင့် အရေးပေါ် အခြေအနေဖြစ်ပေါ်နေသော လူနာများ သက်ဆိုင်ရာ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနတွင်သာ (အမြန်ဆုံး) သွားရောက်ပြသပါရန်။

          • ဆရာဝန် စမ်းသပ်ကုသခြင်းသည် (အခမဲ့) ဖြစ်ပါသည်။

          • အလုံးစုံ (အခမဲ့) တာဝန်ယူ ကုသပေးသော ဆေးခန်းမဟုတ်ပါ။

          • အချို့သော ရောဂါရှာဖွေစမ်းသပ်ခြင်းကို အလှူရှင်များ၏ လှူဒါန်းငွေများဖြင့် ပြုလုပ်ပေးမည်ဖြစ်ပြီး လိုအပ်သောရောဂါရှာဖွေခြင်းနှင့် ကုသသော ဆေးဝါးများကို လူနာ/လူနာရှင်များမှ အကုန်အကျခံရမည်ဖြစ်ပါသည်။

          • ဆေးခန်းမှ သတ်မှတ်ထားသော စည်းမျဥ်းစည်းကမ်းများ၊ ဆရာဝန်ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ပေးပါရန် ဖြစ်ပါသည်။

“ဘီ” ပိုးရောဂါအန္တရာယ်အား သိရှိရန်နှင့် ကြိုတင်ကာကွယ်တားဆီးနိုင်ရန်၊ အချိန်မှီ ဆေးကုသမှုခံယူနိုင်ပါရန် သခင်ယေရှုခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်ကို အရင်းတည်လျက် ဤဆောင်းပါးအား မေတ္တာဖြင့် ရေးလိုက်ပါသည်။

“ကျန်းမာသောသူတို့သည် ဆေးသမားကိုအလိုမရှိကြ။ နာသောသူတို့သာလျှင် အလိုရှိကြ၏။ ဖြောင့်မတ်သောသူတို့ကို နောင်တသို့ခေါ်ခြင်းငှါ ငါလာသည်မဟုတ်၊ ဆိုးသောသူတို့ကို ခေါ်ခြင်းငှါ ငါလာသတည်း”
~ သခင်ယေရှုခရစ်တော် (ရှင်မာကုခရစ်ဝင်ကျမ်း ၂း၁၇)

သခင်ယေရှုနာမတော်မြတ်၌

John The Beloved