Skip to content

မွှေ့လျော်ပြီးပြီလား

မွှေ့လျော်ပြီးပြီလား

မနက်မိုးလင်းတာနဲ့ အရင်ကနဲ့မတူတဲ့ အကျင့်ပျက်လာတဲ့ အရာတခုရှိတယ်။ အခြားမဟုတ်ပါဘူး Facebook ကိုအရင်ဖွင့်ကြည့်မိခြင်းပါဘဲ။ တချို့ကလည်း game ဆော့တာ..စသည်ဖြင့်ပေါ့။

Internet ကကျွန်တော်တို့နေ့စဉ်နေထိုင်တဲ့လူမှုပုံစံ(lifestyle)ဖြစ်လာနေသည်။ အရေးပါသည့်အရာတခုအဖြစ်လည်းရှိနေပါသည်။ သိုေ့သာ် အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံး အရာကိုကျွန်တော်တို့မေ့တတ်ကြသည်။

“အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏။ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။”
‭‭ဆာလံ‬ ‭၁၁၉:၁၆

“အကျွန်ုပ်၏ အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏။ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ။”
‭‭ဆာလံ‬ ‭၁၁၉:၂၅

“အကျွန်ုပ်စိတ်နှလုံးကို လောဘဘက်သို့မဟုတ်၊ သက်သေခံတော်မူချက်တို့ ဘက်သို့ ဆွဲတော်မူပါ။”
‭‭ဆာလံ‬ ‭၁၁၉:၃၆

ထာဝရဘုရားရဲ့ နှုတ်ကပတ်တော် အထုံးအဖွဲ့ သက်သေခံချက်တွေမှာ ကျွန်တော်တို့မွှေ့လျော်ဖို့လိုအပ်ပါတယ်။ အမွှေ့လျော်သင့်ဆုံးအရာလည်းဖြစ်ပါတယ်။

ဒီလိုပြောလိုက်လို့ တခြားအရာတွေဘာမှမလုပ်ဘဲ မွှေ့လျော်ဖို့ပြောနေတာလည်းမဟုတ်ပါဘူး။

အထက်ကဖော်ပြခဲ့တဲ့ ဆာလံကျမ်းတွေမှာ ဆင်ခြင်စရာတွရှိပါတယ်။
ယခုသင်ရှိနေတဲ့နေရာ လုပ်နေတဲ့အလုပ် သွားနေတဲ့ခရီး စတာတွေဟာ ဘဝအတွက်သင်အမှန်တကယ်မှီခိုအားထားနေရတဲ့ အရာတွေလို့ သင်မှတ်ယူကောင်းမှတ်ယူပါလိမ့်မယ်။ တကယ့်သင်ရဲ့ ဘဝအမှန်(real life) က သင့်ရဲ့ လူအမှန် (real you) မှာရှိပါတယ်။ တနည်းဆိုရရင် “ခရစ်တော်၌ရှိသောသင်၊ သင်၌ရှိသောခရစ်တော်” ပေါ့။

ဒါကြောင့် သင့်ဖြစ်ခြင်းအမှန်ဟာ သင့်မွှေ့လျော်ခြင်းမှာဘဲ ထင်ရှားပါတယ်။ သင်ဟာ ဘုရားဝတ်၌မွှေ့လျော်သောသူ အမှန်ဆိုရင်
Facebookမှာကားတွေ ဖုန်းတွေ မဲဖောက်ပေးတာကို သင်shareမှာမဟုတ်ပါဘူး။ သင့်အလုပ်မှာ အောင်မြင်ဖို့အတွက်သာ ဘုရားကို သင်ကိုးကွယ်မှာမဟုတ်ပါဘူး။ နှုတ်ကပတ်တော် အထုံးအဖွဲ့ သက်သေခံချက်တွေမှာ သင်ဝမ်းမြောက်လျက်နေမှာ ဧကန်အမှန်ပါဘဲ။

သင်ရဲ့အတက် အကျတိုင်းမှာ သင့်မွှေ့လျော်ရာက ထင်ရှားပါတယ်။
သင့်မွှေ့လျော်ရာ ကို တပါးသူတွေ မြင်တွေ့နေပြီလား? စိတ်ဝင်စားလာနေပြီလား?
လျှို့ဝှက်ချက်မရှိပါ
မွှေ့လျော်ခြင်း အသက်တာမှာ…

ခရစ်တော်၌
The Blessed Desk.