Skip to content

သခင်ရယ်

“သခင်ရယ်”

သခင်ရယ်
လူတွေရဲ့ပေါ်တင်ခနဲ့
ကွယ်ရာရှုတ်ချ
ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့
ဇာတိအတ္တ…

သခင်ရယ်
လူတွေရဲ့ ‌မြေနိမ့်ရာလှံစိုက်
နောက်ကျော ဓားထိုး
စာတန်လိုမျိုး…

သခင်ရယ်
လူတွေရဲ့ မိိမိကိုယ်ဘောင်ခတ်
ကျဉ်းမြောင်းမာန
ထိုးနှက်ဆက်ဆံ…

သခင်ရယ်
လူတွေရဲ့ လက်ညိုးထိုး ဆဲဆို
တံတွေးခွက်ထဲ
‌မျောခဲ့ပေမဲ့…

သခင်ရဲ့
ကားတိုင်ထက်မှာ သွေးများစက်စက်
သက်သေထူခဲ့
ဖြူစင်မေတ္တာ
အနှိုင်းမဲ့ပုံကတော့…

ကျွန်ုပ်ကို
ရှေ့သို့ဆက်တိုး
ကိုယ်တော့် အပြုံးနဲ့
ထိုလူတွေတွက် ကျွန်ုပ်ကိုသုံးပါ
ကိုယ်တော့် နှလုံးသားနဲ့ ရဲရင့်ဦးမယ်
နိုင်ငံတော်အတွက်။

သခင်ခရစ်တော်၌
A Word