Skip to content

အဆိုးအားဖြင့်လော? အကောင်းအားဖြင့်လော?

  • အဆိုးအားဖြင့်လော? အကောင်းအားဖြင့်လော?

ရောမ ၁၂:၂၁ ကျမ်းပိုဒ်လေးတပိုဒ်ကခရစ်ယာန်တိုင်းရဲ့နှုတ်မှာစွဲနေပြီးသား၊ ရင်းနှီးပြီးသား ကျမ်းပိုဒ်လေးပါ။ ပိုပြီး စွဲနေ၊ ရင်းနှီးနေသည့်အရာကတော့ ထိုနှုတ်ကပတ်တော်ရဲ့တန်ခိုးထက် ဘယ်အရာက အဆိုးဖြစ်တယ် ဘယ်အရာက အကောင်းဖြစ်တယ် ဆိုတာကိုသတ်မှတ်နေသည်ကပိုမှန်နေမည်။

“အဆိုးအားဖြင့် အရှုံးမခံနှင့် အကောင်းအားဖြင့် အဆိုးကို နိုင်လော့။”
‭‭ရောမ‬ ‭၁၂:၂၁
“Do not be overcome by evil, but overcome evil with good.”
‭‭Romans‬ ‭12:21‬ ‭
ပထမဆုံး စဉ်းစားကြည့်ကြရအောင်….
သင်ထင်မြင်တဲ့ အကောင်း(good)ရယ် သင်ထင်မြင်တဲ့ အဆိုး(evil) ရယ်
တကယ်goodရဲ့လား? တကယ်evilဟုတ်ရဲ့လား?

ကိုယ်ထင်ထားတဲ့ အကောင်းဆိုတဲ့အရာက ဘုရားရဲ့ရှေ့တော်မှာ ဆိုးညစ် နေရင်..
သေချာတယ် သင့်ကို အဆိုးကအနိုင်ယူ(overcome) နေပြီ။ နောက်ပြီးကိုယ်ထင်ထားတဲ့ အဆိုးက ဘုရားရဲ့ရှေ့မှာ ကောင်းသောအရာဆိုရင် အပေါ်ကရလဒ်နဲ့အတူတူပါဘဲ။

ကိုယ့်ရဲ့ “စံ” (standard) နဲ့အဆိုး၊အကောင်းခွဲပြီး နိုင်ချင်တယ်ဆိုရင်တော့ တက်တက်စင်အောင်လွဲနေပြီ။ နှုတ်ကပတ်တော်- ဘုရားရဲ့”စံ” နဲ့ ကျွန်ုပ်တို့သွားဖို့လိုအပ်ပါတယ်။

“အချင်းချင်းစိတ်သဘော တညီတညွတ်တည်း ရှိကြလော့။ ဂုဏ်စည်းစိမ်ကိုငဲ့ကွက်ခြင်းမရှိကြနှင့်။ နှိမ့်ချသောသူတို့ကို အပေါင်းအဘော်လုပ်ကြလော့။ ငါသည် ပညာရှိ၏ဟု ကိုယ်ကိုမထင်ကြနှင့်။ အဘယ်သူကိုမျှ ရန်တုံ့မမူကြနှင့်။ လူအပေါင်းတို့ရှေ့မှာ တင့်တယ်လျောက်ပတ်သောအကျင့်ကို ကြံစည်ကြလော့။ သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။ ချစ်သူတို့၊ သူတပါးသည်သင်တို့ကို ပြစ်မှားလျှင်၊ ကိုယ်တိုင် အပြစ်ပြန်၍ မတုံ့ကြနှင့်။ အမျက်တော်ကို အခွင့်ပေးကြလော့။ ကျမ်းစာလာသည်ကား၊ ငါသည် အပြစ်တရားကို စီရင်ပိုင်၏။ အပြစ်နှင့်အလျောက် ငါဆပ်ပေးမည်ဟု ထာဝရဘုရားမိန့်တော်မူ၏။”
‭‭ရောမ‬ ‭၁၂:၁၆-၁၉

အဆိုးကိုနိုင်ခြင်းအခွင့်ဟာ အကောင်းအားဖြင့်ဘဲဖြစ်တယ်။ ကျွန်ုပ်တို့အသက်တာထဲမှာ ကျွန်ုပ်တို့နိုင်ရမယ့် အဆိုးတွေရှိတယ်။ သို့သော် နေ့စဉ်တိုင်းလိုလို ထိုအဆိုးတွေအားဖြင့် ညီအစ်ကိုချင်းသော်၎င်း၊ ယုံကြည်အားနည်းသူကို၎င်း၊ မိမိရန်သူကိုသော်၎င်း အနိုင်ယူနေမိသည်ကို ကျွန်ုပ်တို့ ဝိညာဉ်မျက်စိမှေးရှက်နေမိကြသည်။

နေ့စဉ်အသက်တာမှာ အဆိုးကိုနိုင်ချင်းအခွင့်ပေးမည့်အစား၊ ကောင်းမြတ်တဲ့အဖနဲ့အတူ အဆိုးကိုနိုင်ရအောင်။

အဆိုးအားဖြင့်မဟုတ်ဘဲ….
အကောင်းအားဖြင့်….

ခရစ်တော်၌