Evolution နှင့် Creation နဲ့ ပတ်သက်၍ မိမိ ကိုယ်ပိုင် အမြင်သာဖြစ်ပါသည်။ (သဘောထားကွဲလွဲမှုကို ကြိုဆိုပါသည်)
Universe ဟာ အချိန်၊ နေရာ၊ ဒြပ် (Time-Space-Matter) သုံးမျိုးစလုံး စုံမှ ဖြစ်တည်ပါတယ်။
အချိန် > အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် (Time > Past / Present / Future)
နေရာ > အလျား၊ အနံ၊ အမြင့်(Space > Length/ Width / Height)
ဒြပ် > အစိုင်အခဲ၊ အရည်၊ အငွေ့ (Matter > Solid/ Liquid/ Gas)
ဥပမာ စာအုပ် တစ်အုပ် သည်
စားပွဲပေါ်မှာ ယခု ရှိသည်ဆိုပါစို့
စာအုပ် – matter (solid)
စားပွဲပေါ်မှာ – space (volume of book on the space of table)
ယခု – time (present)
အဲဒိ သုံးခု ထဲက တစ်ခုခု မရှိရင် စာအုပ်ဟာ ရှိလို့ကို မရပါဘူး
1.စာအုပ် (matter) ရှိတယ်။
2.စားပွဲပေါ်မှာ (space) ရှိတယ်။
time အချိန် မရှိဘူး ဆိုပါစို့။
ဒါဆိုရင် စာအုပ် ဟာ ဘယ်အချိန်မှာ ရှိသလဲ ဆိုတာ မရှိတဲ့ အတွက် စာအုပ် လုံးဝ မရှိပါဘူး။
နောက်တစ်မျိုးက
1. စာအုပ် (matter) ရှိတယ်
2. ယခု (time) ရှိတယ်
space နေရာ မရှိဘူး ဆိုပါစို့
ဒါဆိုရင်လည်း စာအုပ်ဟာ ဘယ်မှာ ရှိသလဲ ဆိုတာ မရှိတဲ့အတွက် စာအုပ်ဆိုတာ လုံးဝ မရှိပါဘူး။ space time matter သုံးခုစလုံးပြည့်စုံမှသာ တစ်စုံတစ်ခု ဖြစ်တည်ခြင်းဟာ ပြီး မြောက်ပါတယ်။ ဒါပေမဲ့လည်း space time matter နဲ့ ဘောင်ခတ်ထားလို့ မရတဲ့ အရာလည်း ရှိပါတယ်။ စာအုပ် တစ်အုပ်ဟာ space time matter သုံးခုစလုံးပြည့်စုံစွာ နဲ့ တည်ရှိ နေ ပေမယ့် စာအုပ် ထဲက သတင်း အချက်အလက် (Information) က တော့ စာအုပ်ဖြစ်တည်ခြင်း နဲ့ လုံးဝ မသက်ဆိုင်ပါဘူး။ ၄င်းဟာ စာအုပ်လို space time matter နဲ့ (ချည်နှောင်ထားခြင်း) bond လုပ်ထားခြင်း မခံရပါဘူး ဘာကြောင့်လဲ ဆိုတော့ စာအုပ် ထဲက information ဟာ စာအုပ် ရှိမလာ ခင်ကတည်း က ရှိ နေလို့ပဲဖြစ်ပါတယ်။
Evolution ဟာ Space/ Time/ Matter အတွင်းက စာအုပ်ရဲ့ အ ကြောင်းကို သာ လေ့လာခြင်း ဖြစ်ပြီး စာအုပ်က သယ်ဆောင်ထားတဲ့ information ကို တော့ လုံးဝ မ လေ့လာ နိုင်ပါဘူး။ ထိုနည်းတူ လူ ဆိုတာလည်း Space/ Time/ Matter နဲ့ ဘောင်ခတ်ထားတဲ့ အသားအရိုး တုံး သက်သက် မဟုတ်ပါဘူး။ Space Time Matter နဲ့ လွတ်မြောက်နေတဲ့ အ တွေး (Thinking)တွေ၊ ကျိုးကြောင်းချင့်ချိန် နိုင်စွမ်း (Rationality) တွေ စူးစမ်းချင်စိတ် (Curiosity) စ တာ တွေ အားလုံး ရဲ့ အချုပ်ဖြစ်တဲ့ အသက်ဝိညာဉ် (Spirit of Life) ဆိုတာ ရှိနေပါတယ်။ လူတစ်ယောက် မွေး တဲ့ နေ့နဲ့ သေတဲ့ နေ့ကို တွက်ပြီး လူ့ ခန္ဓာရဲ့သက်တမ်း ကို သတ်မှတ်လို့ ရပါတယ်။ ပုံနှိပ်တိုက်က ထုတ်ဝေလိုက်တဲ့ စာအုပ်လို့ပေါ့။ စာအုပ်သက်တမ်းကို ဘယ်နှခုနှစ်က စတင်ထုတ်ဝေတယ် ဆိုတာကို ကြည့်ပြီး သိနိုင်ပါတယ် ဒါပေမဲ့ စာအုပ် ထဲက INFORMATION ကို တော့ ဘယ်လို ဖြစ်လာလဲဆိုတာ စာရေးသူသာ သိနိုင် မှာဖြစ်ပါတယ်။ လူ ခန္ဓာရဲ့ သက်တမ်းကို သိနိုင်ပေမယ့် ခန္ဓာက သယ်ဆောင်ထားတဲ့ အသက်ဝိညာဉ်ကိုတော့ “ဝိညာဉ်” သာလျှင် သိနိုင်ပါတယ်။
Bible Reference – “FOR GOD IS SPIRIT” – John 4:24